ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရှောက်သီးတစ်လုံးလျှင် ငွေကျပ်(၁၀)ကျပ်မှ(၁၃)ကျပ်သာရရှိပြီး ဈေးနှုန်းကျဆင်း
Jun 10,2022
စားသောက်ကုန်အသီးအနှံများတွင် ရှောက်သီးသည် စားသုံးသူများ စားသောက်သုံးစွဲမှုများ သည့် အသီးအနှံများတွင်ပါဝင်ပြီး နှစ်ရှည်သီးနှံပင်ဖြစ်သည့် ရှောက်ပင်သည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ကျေးရွာများ၌ ရာသီ ဥတုနှင့် သဘာဝရေမြေအနေအထားအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့နယ် အတွင်း၌ ရှောက်ပင်စိုက်ပျိုးဧကပေါင်းများစွာရှိပြီး နှစ်စဉ်မိုးရာသီနှင့်နွေရာသီများတွင် ရှောက်သီးများ များစွာထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ကြောင်းသိရသည်။