ပခုက္ကူ ဇူလိုင် ၁၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ Physical Fitness Dance သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၄ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး အထူးပြုဘာသာရပ်ပေါင်းစုံ Physical Fitness Dance ပြိုင်ပွဲဝင် တေးသီချင်းအကအလှများဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ ခေတ္တပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)