ဘားအံတက္ကသိုလ်တွင် တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းများ တွေ့ဆုံ

ဘားအံ   ဇူလိုင်  ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားများ အခွင့်အရေး ဆိုင်ရာကော်မတီနှင့် ဘားအံတက္ကသိုလ်တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းများ တွေ့ဆုံပွဲကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမတွင် ကျင်းပသည်။

ဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက အမှာစကားပြောကြားပြီး ကရင်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားများအခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ ကရင်ပြည်နယ်တွင် တိုင်းရင်းသားအခွင့်အရေးများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဘားအံတက္ကသိုလ်တိုင်းရင်းသား စာပေယဉ်ကျေးမှုအသင်းများမှ ဥက္ကဋ္ဌများက မိတ်ဆက်စကားပြောကြားသည်။

အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားများဆိုင်ရာကော်မတီမှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်၊ တိုင်းရင်းသားစာပေယဥ်ကျေးမှုအသင်းများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်အသင်းသား၊ အသင်းသူများ ဘားအံတက္ကသိုလ် ကရင်စာပေ ယဉ်ကျေးမှုအသင်း၊ မွန်စာပေယဉ်ကျေးမှု အသင်း၊ ပအို့ဝ်စာပေယဉ်ကျေးမှုအသင်း၊ ဗမာစာပေ ယဥ်ကျေးမှုအသင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၄၀) တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)