ဘားအံ ဇွန် ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခက်ခက်လွင်က အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၃၁) မူးယစ်တပ်ဖွဲ့စု(ဘားအံ)မှ တပ်ဖွဲ့စုမှူး ယာယီရဲမှူးမျိုးမင်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အများဆုံးအရေးယူသည့် ပုဒ်မများ၊ မြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေပုဒ်မ (၃၁)ခုရှိကြောင်း၊ လက်တွေ့ကျကျအရေးယူသည့် ပုဒ်မမှာ(၄)ခုရှိကြောင်း၊ ပုဒ်မ(၁၆)၊ ပုဒ်မ(၁၉)၊ ပုဒ်မ(၂၀)၊ ပုဒ်မ(၂၁)၊ ပုဒ်မ(၂၂)၊ ပုဒ်မ(၂၃)တို့ဖြင့် အရေးယူသည့် ပြစ်မှုပြစ်ဒဏ်များ၊ ကရင်ပြည်နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးအရေးယူနိုင်ခဲ့မှု အခြေအနေများ၊ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)