မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

အထက်မင်းလှ      ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဌာနဆိုင်ရာ များစုပေါင်းပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ရန်၊ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရန် အတွက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဇူလိုင်လ စတုတ္ထပတ်အတွင်းကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ ရွေးချယ်နိုင်ရေး ကော်မတီတွင်ဖွဲ့စည်းတာဝန်ပေးထားသည့်ဌာနဆိုင်ရာများမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်မည့်သူများအား ရွေးချယ်နိုင်ရေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင်  နေကြာ(မိုး/ဆောင်း)  ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရာ၌ လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မိုးနေကြာစိုက်ပျိုးရန်ပါဝင်သည့်ကျေးရွာများ၌ မိုးနေကြာ စိုက်ပျိုးပြီးစီးမှုအခြေအနေများအား သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ကွင်းဆင်း ဆောင်ရွက်ရန်၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊        ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း နိုင်ရေး၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များရွေးချယ်နိုင်ရေး၊ နေကြာစိုက်ပျိုးမှုအခြေအနေများ၊ မြို့သန့်ရှင်းသာယာလှပရေးစသည့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။   

ဇာဇာ(အထက်မင်းလှ)