စဉ့်ကူးမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကျင်းပ

စဉ့်ကူး ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က “သတိပြုရမည့်စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲနှင့် သတင်းတု၊ သတင်းအမှားများ၏အန္တရာယ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲများအကြောင်း၊ လူမှုကွန်ရက်များတွင် တွေ့ရှိရသည့် သတင်းတု၊ သတင်းမှားများ၏အန္တရာယ်၊ သတင်းအချက်ဆိုင်ရာ သိနားလည်သူတစ်ဦးတွင် ရှိရမည့်အရည်အချင်းများ၊ သတင်းတစ်ပုဒ်ကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သတင်းအမှား/အမှန်ခွဲခြားရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စဉ်ကူးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အနာဂတ်ကို ရည်မျှော်လို့ သစ်ပင်စိုက်ပွဲတော်သွားကြစို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ကြသည်။

စဉ့်ကူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)