ချမ်းမြသာစည် ဇွန် ၂၅
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် အသိပညာပေး ( Talk Show ) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချမ်းမြသာစည်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း၊ အထက်တန်းပြဆရာ ဦးနေထွန်း၊ ရုပ်/သံကျွမ်းကျင်-၃ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါး၏ အန္တရာယ်များ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အခြေခံပညာကျောင်းများ၏ မူးယစ်ဆေးဝါးအသိပညာပေးလုပ်ငန်းစဉ်များ၊ တားဆီး ကာကွယ်ရေးများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြ သည်။
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေး (Talk Show) အစီအစဉ်များကို ဌာနဆိုင်ရာများ၊ စာရေးဆရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍လစဉ်ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ရကြောင်း သိရသည်။
ခင်စိမ်း၀င်း
မြို့နယ်ပြန်/ဆက်