သီပေါမြို့၌ မိုးနေကြာသီးနှံမျိုးစေ့ထုတ်စံပြကွက်နှင့် မိုးနေကြာသီးနှံစံပြကွက် စိုက်ပျိုးခြင်းများဆောင်ရွက်
May 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ မိသားစုဝင်ငွေတိုးတက်ရရှိစေရေး၊ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိစေရေးတို့အတွက် ရည်ရွယ်၍ ဆီထွက်သီးနှံ နေကြာသီးနှံများကို ဒေသခံ အကျိုးဆောင်တောင်သူများနှင့်စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘော်ကြိုကျေးရွာ ဒေါ်နန်းဌေး၏လယ်တွင် မိုးနေကြာ(မိုးဦး)သီးနှံမျိုးစေ့ထုတ်(ဆင်းရွှေကြာ-၂) စံပြကွက်(၁)ဧကကို စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်းနှင့် နားခဲကျေးရွာ၊ ပန်မြိုင်းကျေးရွာ တို့တွင်ရေဆင်းစပ်မျိုးနေကြာ-၁ စံပြကွက် (၁၀)ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။