ပုဗ္ဗသီရိ ဇွန် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် စာရေးဆရာရဲမွန်ကျော်က "မူးယစ်ဆေးဝါးပပျောက်ရေး အားကစားနှင့် ကုစားပေး" ဆိုတဲ့ခေါင်းစဉ်မှ ယနေ့ခေတ်တွင် လူငယ်များကို ပိုးဖလံမျိုးမီးကိုတိုးစေမယ့် မူးယစ် ဆေးဝါးအမျိုးမျိုးက ဆွဲဆောင်နေသည်ကိုတွေ့ရကြောင်း၊ မူးယစ်ဆေးများပေါ်ပေါက်လာတဲ့ ကြားထဲမှ စိတ်ငြိမ်ဆေးအမျိုး မျိုးပေါ်ပေါက်လာတာကလည်း မသုံးတတ်ရင်ဘေးဖြစ်တတ်ကြောင်း၊ သူများထက် ထူးချွန်ချင်ရင် ဆေးလိပ်မသောက်နဲ့၊ အရက်မသောက်နဲ့ အားကစားဆိုတာ သက်လုံကောင်းဖို့လို ကြောင်း ဒါ့ကြောင့် အားကစားကို ခုံမင်ရင် မူးယစ်ဆေးနဲ့ကင်းဝေးနိုင်ကြောင်း၊ လူငယ်တွေကို မူးယစ် ဆေးကင်းစင်စေခြင်ရင် အားကစားနဲ့ကုစားပေးတာ အကောင်းဆုံးဖြစ်ကြောင်း၊ လူငယ်တွေဟာ အားကစားကို စိတ်ဝင်စားလာရင် ကြံခိုင်မှုပြည့်ဝတဲ့ လူငယ်တွေဖြစ်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါးနဲ့ လွတ်ကင်းဖို့ လူငယ်လူရွယ်အားလုံးကို ဘောလုံးကန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့ မိမိတို့ဝါသနာပါတဲ့ အားကစားတစ်မျိုးမျိုး လိုက်စားစေခြင်ကြောင်း၊ အားစကားလုပ်ရင် ချွေးထွက် အောင် ခန္ဓာကုယ်ကို လှုပ်ရှားပေးရတာဖြစ်တဲ့အတွက်ကြောင့် ကျန်းမာစွာနေထိုင်နိုင်ကြောင်း၊ ယနေ့ လူငယ် လူရွယ်တွေဟာ အနာဂါတ်ရဲ့ သားကောင်းရတနာတွေဖြစ်လာစေဖို့ မူးယစ်ဆေးဝါးကင်းစင်ဖို့ အကောင်းဆုံး ဆေးတစ်လက်ဟာ ကိုယ်လက်လှုပ်ရှား အားကစားဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်းသိရ သည်။
မျိုးသီဟ(ပြန်/ဆက်)