သတင်းများ

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Jul 04,2022
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ “မြန်မာအမျိုးသမီးကြေးမုံ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၌  မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မုံရွာ- ယာကြီး - ကလေးလမ်းဘေးရှိ ကွန်ပျူတာတက္ကသိုလ် (မုရွာ)၌ ၂၀၂၂ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၂ ရက်၊ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။
ပုံပါကျင်မြို့၌ရွေ့လျားစာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Jul 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ရွေ့လျားစာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
နတ်မောက်မြို့ မြေစာရင်းပင်စင်အငြိမ်းစားများ လူမှုကူညီရေးအသင်း(၁၀)နှစ်ပြည့် အခမ်းအနားကျင်းပ
Jul 04,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြေစာရင်းပင်စင်အငြိမ်းစားများ လူမှုကူညီရေးအသင်း (၁၀)နှစ်ပြည့် အခမ်းအနားတွင် အသက်(၇၅)နှစ်နှင့် (၈၅)နှစ်ပြည့် ပင်စင်အငြိမ်းစားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့မကွက်သစ်ရပ်ကွက် လူမှုကူညီရေးအသင်းဥက္ကဋ္ဌနေအိမ်တွင် ပြုလုပ် ခဲ့ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီ သင်တန်းဖွင့်လှစ်
Jul 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပရောက်ရှိနေသော အသက် ၁၆ နှစ်မှ ၁၈နှစ်ကြား လူငယ်များအား မိသားစုများအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ နောင်တောင်း ပရဟိတတပ်ဦးဘုန်းတော်ကြီးကျောင်း၌ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်းကို ယနေ့နံနက် ၁၀နာရီအချိန်က ပြုလုပ်ခဲ့သည်။
မြောင်းမြမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်​ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကျင်းပ
Jul 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အမှတ်(၄) အလတ်စားစက်ပြင်အလုပ်ရုံတို့ ပူးပေါင်းဖွင့်လှစ်သည့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များ ရရှိပြီး လူမှုဘဝများ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က​ အမှတ် (၄) အလတ်စား စက်ပြင်အလုပ်ရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ ကျောင်းသားကျောင်းသူများ အားကစားကို စိတ်ပါဝင်စားပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 04,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကြီးမှူး၍ ကျောင်းသားကျောင်းသူများ အားကစားကို စိတ်ပါဝင်စားပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က နမ္မတူမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
မအူပင်(တက္ကသိုလ်)တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲကျင်းပ
Jul 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မအူပင်(တက္ကသိုလ်)တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလီဘောပြိုင်ပွဲကို မအူပင်တက္ကသိုလ်ကျောင်း မိုးလုံ လေလုံအားကစားခန်းမတွင် ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။