သတင်းများ

ပိုင်ကျုံမြို့၊ အခြေပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား /သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကွင်းဆင်းထိုးနှံမည်
Jul 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅)နှစ်နှင့်အထက်  ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌‌အေးချမ်း သာစွာ ပညာသင်ကြားနိုင်‌စေရန်နှင့် ကာကွယ်‌ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံမြို့ အ.ထ.ကကျောင်းရှိကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင်လ ၅ ရက်နေ့တွင် ကွင်းဆင်းထိုးနှံပေးမည်ဖြစ်ကြောင်း  သိရသည်။
လူထုအခြေပြုဗဟိုဌာန(ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ
Jul 04,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် အုန္နဲပင်ကျေးရွာပြည်သူများ ရက်ကန်းလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေး အပိုဝင်ငွေရရှိ၍ အဆင်ပြေ
Jul 04,2022
စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာအုပ်စု၊ အုန္နဲပင်ကျေးရွာတွင် မိရိုးဖလာတောင်သူလုပ် ငန်းများအပြင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်ကြ၍ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Jul 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉  နာရီခွဲအချိန်က (၅၀)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြို့မအားကစားကွင်းနှင့်ဘုရားကြီး စေတီကုန်းတို့တွင် အရိပ်ရသစ်ပင်များ ပျော်ရွှင်စွာစိုက်ပျိုး
Jul 04,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် စီမံချက်တို့ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှု စီမံချက်သစ်ပင်စိုက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မြို့မအားကစားကွင်းနှင့်ဘုရားကြီး စေတီကုန်းတို့တွင် စိုက်ပျိုးပေးခဲ့သည်။
ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ(သတ္တမအကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာအောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ
Jul 04,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ ရန်အောင်မြင်သာသနာ့ဗိမ္မာန်၌ ယမန်နေ့မွန်းလွဲ ၂နာရီက ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ (သတ္တမအကြိမ်မြောက်) နွေရာသီဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာစာအောင်ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာတွင်(၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေး ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
Jul 04,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်၊ ဆားမလောက်ကျေးရွာ တောင်သူ ဦးကျင်လှိုင်၊ ဦးကျော်ဇောလင်း၊ ဦးစန်းဝင်း တို့၏ လယ်ယာမြေတွင် ပျိုးဗန်းဖြင့် ပျိုးထောင်ထားသည့် ပျိုးပင်များအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်၍ စိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကာ ကောက်စိုက်စက်နှင့် စိုက်ပျိုးခြင်းဖြင့် ပျိုးထောင်စရိတ် သက်သာခြင်း၊ အချိန်၊ လုပ်သား၊ သွင်းအားစုများ လျော့ချနိုင်ခြင်း၊ ကောက်ကွက် ပြည့်မီ၍ အထွက်နှုန်း ကောင်းခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသဖြင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို တွင်ကျယ်စွာ အသုံးပြုနိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။
ရွှေတောင်မြို့နယ်တွင် အ‌ခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်
Jul 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးရာတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဖြစ်သော၊ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ခြေခံပညာ အထက်တန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။