မြောင်းမြ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အမှတ်(၄) အလတ်စားစက်ပြင်အလုပ်ရုံတို့ ပူးပေါင်းဖွင့်လှစ်သည့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များ ရရှိပြီး လူမှုဘဝများ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က အမှတ် (၄) အလတ်စား စက်ပြင်အလုပ်ရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသင်းဦးနှင့် အမှတ်(၄) အလတ်စား စက်ပြင်အလုပ်ရုံ၊ စက်ရုံမှူး ဦးအောင်အောင်ဦးတို့က သင်တန်း ဖွင့်လှစ် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုးက သင်တန်းဖွင့်လှစ်ပေးရ ခြင်း အကြောင်းများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျေးရွာများမှ သင်တန်းသား (၃၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့မှ စ၍ တစ်လအထိ တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင် ထိန်းသိမ်းနည်း ပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
မြောင်းမြခရိုင် ပြန်/ဆက်