သတင်းများ

ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 04,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် ကျိန္တလီမြို့ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် (၉)နာရီ အချိန်တွင် အမှတ်(၁)ရပ်ကွက်နှင့် ကျိန္တလီနယ်မြေ ရဲစခန်း ဝန်ထမ်းအိမ်ယာသို့ သွားရောက်ခဲ့ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးဟောပြော
Jul 04,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်​အတွင်းရှိ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်၍ အများပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စုကလိမြို့တွင် “တားဆီးကာကွယ် လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်
Jul 04,2022
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများအား အသိပညာပေးလုပ်ငန်းများကို အကောင်ထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ “တားဆီးကာကွယ် လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက စုကလိမြို့၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန Community Center တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံ စိုက်ပျိုးဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ ညနေပိုင်းက နေကြာစိုက်ခင်းများတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
‌ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်း၍ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 04,2022
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးတို့က တက်ရောက်ပြီး အလှူငွေ များ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်း ခြောက်လသင်တန်း ဖွင့်လှစ်သင်ကြားပေး
Jul 04,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်း ခြောက်လသင်တန်းကို ဇူလိုင်လ ၁ရက်နေ့မှစတင်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  
တံတားဦးမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 04,2022
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တံတားဦးမြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်  မြန်မာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက်
Jul 04,2022
၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးရာအသင်းအဖွဲ့များနှင့် ရပ်မိ၊ ရပ်ဖများ တက်ရောက်ခဲ့ကြသည်။