ယင်းမာပင် ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မုံရွာ- ယာကြီး - ကလေးလမ်းဘေးရှိ ကွန်ပျူတာတက္ကသိုလ် (မုရွာ)၌ ၂၀၂၂ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၂ ရက်၊ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။
ရှေးဦးစွာ ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် သပြေဘူတပျိုးပင်ကို ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ် ဒေါက်တာစိုးစိုးခိုင်ထံသို့ လည်းကောင်း၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းက ကျွန်းပျိုးပင်ကို ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဒုတိယပါမောက္ခချုပ် ဒေါက်တာနှင်းနှင်းအေးထံသို့ လည်းကောင်း၊ ယင်းမာပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ခရေပျိုးပင်ကို ဒေသခံပြည်သူတစ်ဦးထံသို့ လည်းကောင်းပေးအပ်ခဲ့သည်။
ထိုနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျနှင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ် ဒေါက်တာစိုးစိုးခိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်သူများ၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးနိုင်လင်းနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများက သပြေဘူတပင်၊ ကျွန်းပင်၊ ခရေပင်၊ တမာပင် ၊မယ်ဇလီပင်၊ စိန်ပန်းပင်၊ ကုက္ကိုပင်နှင့် သစ်ဖြူပင် စုစုပေါင်း ပျိုးပင် ၃၀၀ ပင်ကို သတ်မှတ်နေရာ အသီးသီးတွင် စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)