သတင်းများ

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂) ဖွင့်လှစ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊‌ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရားများဖြင့် တူးဖော်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရားများဖြင့် ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်‌စေရေးတူးဖော်ခြင်းလုပ်ငန်းကို စာရေးကုန်းရပ်ကွက် မြူရုံးလမ်း၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-8 သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ အ.ထ.က(၁)ဓနုဖြူ (တေဇခန်းမ)၌ ကျင်းပခဲ့သည်။
ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်နှင့်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်နှင့် အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စစ်ကုန်းကျေးရွာတွင် တတိယအကြိမ်မြောက် မြစိမ်းရောင်ချေးငွေထုတ်ချေး
May 12,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စာရေးကွင်းကျေးရွာအုပ်စု စစ်ကုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်း၌ တတိယအကြိမ်မြောက် မြစိမ်းရောင်ချေးငွေ ထုတ်ချေးခြင်းကို စစ်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဟင်္သာတခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပ
May 12,2022
ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယနေ့  မွန်းလွဲ  ၁၂  နာရီက   ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် လူသားတို့နှင့် ပလတ်စတစ် အန္တရာယ်များ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နွားနှင့်ဝက် မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန် အပင်စိုက်ပျိုးခြင်း၊ တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်း သင်တန်း ဖွင့်လှစ်ပို့ချ
May 12,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွားနှင့် ဝက်မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အပင်စိုက်ပျိုးခြင်း၊ တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်း သင်တန်းဖွင့်ပွဲအား ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ သင်တန်းခန်းမတွင် ပြုလုပ်သည်။
ဆဒုံးမြို့၌ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
May 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယ​နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။