သတင်းများ

သံတောင်ကြီးမြို့ ရှင်ဂျော့ဂျက်အသင်းတော် ဘုရားကျောင်းခန်းမတွင် စကောကရင်စာပေသင်တန်းဖွင့်လှစ်
Jul 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်လူမျိုး အများစုနေထိုင်သည့်အတွက် လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ ဘာသာစကားကိုတန်ဘိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ စကောကရင်စာပေသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ရှင်ဂျော့ဂျက် အသင်းတော်ဘုရားကျောင်းခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွား
Jul 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ယနေ့နံနက် အစောပိုင်းက (၃)နာရီအချိန်ခန့်မှစ၍ နံနက်(၉) နာရီခွဲခန့်ချိန်ထိ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် တောင်ကျရေကြီးစွာ စီးဆင်းလာပြီး မြို့ပေါ်ရှိရပ်ကွက်အချို့၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၌ ကျောင်းအခြေပြု အသက် (၅နှစ်မှ ၁၈နှစ်) ကြား ကျောင်းသား/သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jul 04,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများတွင် အသက်(၅နှစ်မှ ၁၈နှစ်) ကြား ကျောင်းအခြေပြု ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံခြင်းကို ယနေ့ နံနက်၉နာရီမှ စတင်၍ သက်ဆိုင်ရာ အခြေခံပညာကျောင်း (၁၇)ကျောင်းတွင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ပေးခဲ့ကြသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေအကျိုးကျေးဇူး(Talk Show)ဆွေးနွေးပွဲ ပြုလုပ်
Jul 04,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌
ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ဇီဇဝါလမ်းအုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Jul 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက်လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် အမှတ်(၂)ရပ်ကွက်၊ ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းများကို မေလနောက်ဆုံးပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေး
Jul 04,2022
"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့" ဆောင်ပုဒ်အတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့ နံနက်(၁၀)နာရီအချိန်မှ စတင်ကာ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသော ကျောင်းသား/သူများ ဒုတိယအကြိမ်ထိုးနှံ
Jul 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ် (၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူ၌ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Jul 04,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင်ကလေးကျန်းမာရေးဌာနတွင် စုရပ်အခြေပြု ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။