နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

နမ္မတူ ဇူလိုင် ၄

စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ “မြန်မာအမျိုးသမီးကြေးမုံ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေး အမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ “မြန်မာအမျိုးသမီးကြေးမုံ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ Woman Club)အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စမ်းသွင်က “စစ်အတွင်းနှင့် စစ်ပြီးခေတ် မြန်မာအမျိုးသမီးများ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ အဖွဲ့ဝင် ဒေါ်လှလှမြင့်က “အလှရှိရာ”  ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်မီမီထွန်းက “မြန်မာအမျိုးသမီး သတင်းစာဆရာများ” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် ဒေါ်နွယ်နွယ်အောင်က “ထူးခြားထင်ရှား မြန်မာအမျိုးသမီးများ” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ရီရီဝင်းက “ဆန်းသစ်လာသော အမျိုးသမီးကဏ္ဍ” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ လစဉ်စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)