လေးမျက်နှာမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးငယ်များအား နွားနို့တိုက်ကျွေးခြင်း အခမ်းအနားကျင်းပ
Jul 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ညောင်ပင်ဝဲကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းတွင် ယနေ့ နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားစေရန်၊ ကျန်းမာကြံ့ခိုင် စေရန်၊ အရိုးများသန်မာစေရန်နှင့် ဉာဏ်ရည်တိုးတက်စေရန် ရည်ရွယ်၍ ကလေးငယ်များအား နွားနို့တိုက် ကျွေးခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။