နမ္မတူ ဇူလိုင် ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကြီးမှူး၍ ကျောင်းသားကျောင်းသူများ အားကစားကို စိတ်ပါဝင်စားပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က နမ္မတူမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ရွှေမာက ကျောင်းသားကျောင်းသူများ အားကစားကို စိတ်ပါဝင်စားပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ပြီး အားကစားပစ္စည်းများအား အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိရွှေစင်ဦးလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)