မအူပင် ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မအူပင်(တက္ကသိုလ်)တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလီဘောပြိုင်ပွဲကို မအူပင်တက္ကသိုလ်ကျောင်း မိုးလုံ လေလုံအားကစားခန်းမတွင် ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ နီနီဦးက အားကစားပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို အဖွင့်မုနိတာစကား ပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးကာ အားကစား သမားများက အားကစားသစ္စာဓိဌာန် ရွက်ဆို၍ ပါမောက္ခချုပ် ဆရာမကြီးအား အလေးပြုကြသည်။
ပြိုင်ပွဲသို့ မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အလိုက် ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဧည့်သည်တော်များ တက်ရောက်ကြပြီး ဘာသာရပ် (၈)ခုမှ အမျိုးသားအသင်း (၈)သင်း၊ အမျိုးသမီးအသင်း (၆)သင်း ပါဝင်ယှဉ်ပြိုင်ကာ ပြိုင်ပွဲအား ဇူလိုင် (၄)ရက်မှ (၈)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)