ပုံပါကျင် ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ရွေ့လျားစာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း(၈၀)ကို သယ်ဆောင်၍ အမှတ်(၁)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဖြူနိုင်(ပြန်/ဆက်)