နတ်မောက်မြို့ မြေစာရင်းပင်စင်အငြိမ်းစားများ လူမှုကူညီရေးအသင်း(၁၀)နှစ်ပြည့် အခမ်းအနားကျင်းပ

နတ်မောက်  ဇူလိုင်  ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြေစာရင်းပင်စင်အငြိမ်းစားများ လူမှုကူညီရေးအသင်း (၁၀)နှစ်ပြည့် အခမ်းအနားတွင် အသက်(၇၅)နှစ်နှင့် (၈၅)နှစ်ပြည့် ပင်စင်အငြိမ်းစားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့မကွက်သစ်ရပ်ကွက် လူမှုကူညီရေးအသင်းဥက္ကဋ္ဌနေအိမ်တွင် ပြုလုပ် ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဉာဏ်ရှိန်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးထီအေးက အသင်းသား(၃၆)ဦးဖြင့် ဖွဲ့စည်းထားပြီး လစဉ်ကြေးအဖြစ် တစ်ဦးလျှင် (၁၅၀၀) ကျပ်နှုန်းစုဆောင်းလာခဲ့ရာ ယခုအချိန်အထိမတည်ငွေ စုစုပေါင်း(၇၂၁၀၀၀၀)ကျပ်ရှိပြီဖြစ်ပြီး အသင်းသားများ၏ ဇနီး/ခင်ပွန်းသေဆုံးမှု နာရေးထောက်ပံ့ငွေ (၄၁၅၀၀၀)ကျပ်နှင့် အသင်းသားများ၏ ဇနီး/ခင်ပွန်း ဆေးရုံတက်၊ ဆေးခန်းပြထောက်ပံ့ငွေ (၅၆၀၀၀၀)ထောက်ပံ့နိုင်မှု အခြေအနေများကို တက်ရောက်လာကြသည့် အသင်းသားများရှေ့တွင် ရှင်းလင်းဖတ်ကြားခဲသည်။ ဆက်လက်ပြီး  အသက်(၇၅)နှစ်နှင့် (၈၅)နှစ်ပြည့် ပင်စင်အငြိမ်းစား (၉)ဦးတို့အား ထောက်ပံ့ငွေနှင့် ဆေးဝါးများအား ကူညီလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှဝင်း