သတင်းများ

ညောင်လေးပင်မြို့တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jul 20,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ(Community Centre)၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ကျင်းပဆောင်ရွက်
Jul 20,2022
ယနေ့ကျရောက်သော (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် Talk Show အသိပညာပေး အစီအစဉ်အား ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ကျင်းပဆောင်ရွက်သည်။
အမ်းမြို့၌ ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်
Jul 20,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ပေါ်ရပ်ကွက်များ၌ ယာဉ်မတော်တဆမှု လျော့နည်းစေရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်း နှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် အချိန်က အမ်းမြို့ဟောင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရွှေဘိုခရိုင်ရုံး(Community Centre)ခန်းမတွင် အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲဆောင်ရွက်
Jul 20,2022
စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုမြို့တွင် အာဇာနည်​နေ့အ​ကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁ဝနာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
မြောင်းမြမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်း၊ ဥသြဆွဲအလေးပြုခြင်းများဆောင်ရွက်
Jul 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်အချိန်တွင် ဥသြဆွဲအလေးပြုခြင်း၊ သွားလာနေသောယာဉ်များမှ ဟွန်းတီးရပ်တန့်နေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် X-ray Digital ဓာတ်မှန်စက်လှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Jul 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ် ပြည်သူ့ဆေးရုံတွင် X-ray Digital ဓာတ်မှန်စက် လှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မင်းကင်းမြို့တွင်(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲခြင်းပြုလုပ်
Jul 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင်(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲခြင်းကို ယနေ့ နံနက် ၁၀နာရီ ၃၇မိနစ်အချိန်က ပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်များ ဆောင်ရွက်
Jul 19,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ ယနေ့တွင် ကျရောက် (၇၅)နှစ်မြောက် အာဇာနည်နေ့၌ နိုင်ငံ တစ်ဝန်းလုံးတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံများကို တိုင်ဝက်လွှင့်ထူခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် အချိန်တွင် သွားလာနေသော မော်တော်ယာဉ် များမှ ခေတ္တရပ်ပြီး ဟွန်းတီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ  ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် လည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။