ညောင်လေးပင်မြို့တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ညောင်လေးပင် ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ(Community Centre)၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး စစ်တုရင်ပြိုင်ပွဲ၌ ဆုရရှိသောသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းအောင်က မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စစ်တုရင်ဘုတ်များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်စစ်တုရင်ပြိုင်ပွဲ၌ ဆုရရှိသာများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)