မင်းကင်းမြို့တွင်(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲခြင်းပြုလုပ်

မင်းကင်း ဇူလိူင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင်(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲခြင်းကို ယနေ့ နံနက် ၁၀နာရီ ၃၇မိနစ်အချိန်က ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း ဦးဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်သတိရခြင်းဖြင့် မြို့ပေါ်(၃)ရပ်ကွက်ရှိ စုရပ်နေရာ အသီသီးတွင် တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှငွေ(မင်းကင်းပြန်/ဆက်)