အမ်းမြို့၌ ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်

အမ်း ဇူလိုင် ၂၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ပေါ်ရပ်ကွက်များ၌ ယာဉ်မတော်တဆမှု လျော့နည်းစေရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်း နှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် အချိန်က အမ်းမြို့ဟောင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာ မောင်းနှင်သွားလာနိုင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန်ဝေခြင်းကို အမ်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့(စိတ်)မှ တပ်ဖွဲ့စိတ်မှူး ဒုရဲအုပ် မျိုးသီဟ ဦးစီးသောတပ်ဖွဲ့ဝင်( ၅)ဦးနှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဇော်လင်းထွန်း ဦးစီးသော တပ်ဖွဲ့ဝင်(၄)ဦးတို့ဖြင့် အမ်းမြို့ ​ဗိုလ်ချုပ်လမ်း မြို့ဟောင်း အင်းဝဘဏ်အနီး ဖြတ်သန်းမောင်းနှင် သွားလာလျက်ရှိသော ယာဉ်များအား တားဆီး စစ်ဆေး၍ ယာဉ်ပေါ်ပါ (၂၀၀) ဦးခန့်အား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စိုးမင်းထွန်း