သတင်းများ

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မိုဘိုင်းဖုန်းဖြင့် ဓါတ်ပုံရိုက်ကူးနည်း (အခမဲ့) ရက်တိုသင်တန်းဖွင့်လှစ်
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းက ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဓါတ်ပုံပညာရပ်ကို စိတ်ပါဝင်စားသည့် လူငယ်များအတွက် အခြေခံဓါတ်ပုံပညာနှင့် မိုဘိုင်းဖုန်းဖြင့် ဓါတ်ပုံရိုက်ကူးနည်း (အခမဲ့)ရက်တိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Jul 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
မိုင်းဆတ်မြို့၌ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက စတင်၍ စာသင်ကျောင်း ဆေးထိုးစုရပ်နေရာများအလိုက်
မောက်မယ်မြို့နယ်၌ ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက အ.မ.က အရှေ့နောင်ခမ်းကျောင်းသို့သွားရောက်ပြီး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ သွားရောက်ငှားရမ်းပေး
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများအား စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် မြို့နယ် သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်စာတိုက်ရုံးတို့တွင် ယမန်နေ့ ညနေ ၃ နာရီတွင် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့မဈေးကြီး သမဝါယမအသင်းလီမိတက်မှ ဈေးသမဝါယမ အသင်းသားများသို့ အကျိုးအမြတ်များ ခွဲဝေပေး
Jul 21,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြင်ဦးလွင်မြို့မဈေးကြီး သမဝါယမအသင်းလီမိတက်မှ ဈေးသမဝါယမ အသင်းသား များသို့ အကျိုးအမြတ်များ ခွဲဝေပေးမှုများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် (၆၅) ကြိမ်မြောက် မြို့နယ်အဆင့် ဝိနည်းစာမေးပွဲကျင်းပပြုလုပ်ရာ သံဃာ (၄၇၈) ပါး ဝင်ရောက်ဖြေဆို
Jul 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဓမ္မာရုံ (ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် ယနေ့မွန်းတည့် (၁၂) နာရီက နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၆၅) ကြိမ်မြောက်  မြို့နယ်အဆင့် ဝိနည်းစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ သံဃာ (၄၇၈) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
ပူတာအိုမြို့နယ်၊ မုဒုံ(၁)ကျေးရွာ၌ ဆင်းဧကရီ-၃ တစ်ဧကအထွက်နှုန်းတိုးတက်စေရေး ဓါတ်မြေ ဩဇာနှင့်သဘာ၀မြေဩဇာ အချိုးကျသုံးစွဲခြင်း တောင်သူပညာပေးကွင်းသရုပ်ပြ
Jul 21,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် တစ်ဧကအထွက်နှုန်းတိုးတက်လာပြီး ဒေသ၀မ်းစာဖူလုံရေးအတွက် ဆင်းဧကရီ-၃ မျိုးစပါး ပြောင်းလဲစိုက်ပျိုးခြင်းနှင့် စိုက်နည်းစနစ်ပြောင်းလဲခြင်းတို့ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၂၀) ရက် နံနက်(၉)နာရီက ပူတာအိုမြို့ နယ်၊ပူတောင်းကျေးရွာအုပ်စု၊ မုဒုံ(၁)ကျေးရွာအနောက်ဘက်ကွင်း ဦးပိုင်အမှတ်(၃၁၁)တောင်သူ ဦးဆိုင်၏လယ် မြေငါးဧက၌ ကျင်းပသည်။