ငပုတောမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များအား e-ID စနစ်ဖြင့် Software Program ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်
Jul 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အတွင်းရှိအိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များအား Software Program ဖြင့် Data base သို့ ရေးသွင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည် (၂) နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနရုံးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ဆင့်ပွား သင်တန်းပေးပြီး စာရင်းဖြည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်( ၁) ဗိုလ်မှုး ဖြိုးသူရကျော်တို့မှ သွားရောက်ကြည့်ရှုခဲ့ကြသည်။