(၇၅)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်များ ဆောင်ရွက်

တောင်ကုတ် ဇူလိုင် ၁၉

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ ယနေ့တွင် ကျရောက် (၇၅)နှစ်မြောက် အာဇာနည်နေ့၌ နိုင်ငံ တစ်ဝန်းလုံးတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံများကို တိုင်ဝက်လွှင့်ထူခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် အချိန်တွင် သွားလာနေသော မော်တော်ယာဉ် များမှ ခေတ္တရပ်ပြီး ဟွန်းတီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ  ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် လည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယနေ့ အာဇာနည်‌နေ့တွင် တောင်ကုတ်မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံ တော် အလံအား တိုက်ဝက်လွှင့်ထူထားပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မြို့ပေါ်အတွင်း သွားလာနေကြသည့် ပြည်သူများမှ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ခေတ္တရပ်တန့်ခြင်း ၊ မော်တော်ယာဉ်များမှလည်း ခေတ္တရပ်ပြီး ဟွန်းတီးပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)