ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်း စစ်ဆေး
Jul 19,2022
ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်သို့ လွယ်ကူ လျန်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လောက်ကျန်ကျေးရွာ ကုန်ထုတ်လမ်း(၁/၄)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးသည်။