သတင်းများ

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၅၇၉၈၀ ဦးထိုးပေးနိုင်ပြီဖြစ်
Jul 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု အခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၅၅၇၉၈၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
သာယာဝတီမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign ပြုလုပ်
Jul 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည်
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်
Jul 20,2022
၂၀၂၂ ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခဲ့သည်။
သာပေါင်းမြို့နယ်၊ ကျေးရွာများတွင် သွေးလွန်တုပ်‌ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆက်လက်ဆောင်ရွက်ပေး
Jul 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ ကျေးရွာများတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ပိန္နဲကုန်းကျေးရွာ၊ အောက်စုကျေးရွာများရှိ အိမ်စိတစ်လျောက် သွေးလွန်တုပ်ကွေး ဖြစ်ပွားခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ညောင်ဦးမြို့နယ်တွင် ဖူးချိုးဆလပ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ပုံမှန်ရရှိ
Jul 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် မြေအောက်ရေ အသုံးပြုပြီး တစ်နိုင်တပိုင် ဖူးဆလပ်စိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ဖူးချိုးဆလပ် စိုက်ပျိုးတောင်သူ ဦးမင်းညိုထံက သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေး ကြည့်ရှုစစ်ဆေး
Jul 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ်ကာကွယ် ကင်းရှင်းရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်မှ စတင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အထူးပြပွဲ ပြသထားရာ လာရောက်ကြည့်ရှုလေ့လာသူများပြား
Jul 20,2022
 ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို(၁)ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ယခင်နှစ်များအတိုင်း အများပြည်သူ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရေးအတွက် ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အထူးပြပွဲ ခင်းကျင်းပြသထားရာ ကျောင်းသား/သူများ နှင့်ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရဟန်းရှင်လူပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက် လာရောက် ကြည့်ရှုလေ့လာခဲ့ကြပြီး အမျိုးသားပြတိုက်(ရန်ကုန်)မှ တာဝန်ရှိသူများက အသေးစိတ် လိုက်လံ ရှင်းပြခဲ့ကြကြောင်း သိရသည်။
လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် မျိုးစိတ်အသစ် BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jul 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ် BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အတွင်း Hand Speaker ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့သည်။