မြောင်းမြ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်အချိန်တွင် ဥသြဆွဲအလေးပြုခြင်း၊ သွားလာနေသောယာဉ်များမှ ဟွန်းတီးရပ်တန့်နေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ရုံးဌာနများ၊ ကျောင်းများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်း၊ ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် ၁ဝ နာရီ ၃၇ မိနစ်အချိန်တွင် မီးသတ်စခန်းများမှ ဥသြဆွဲခြင်း၊ အလေးပြုခြင်း၊ သွားလာနေသောယာဉ်များမှ ခေတ္တရပ်တန့်၍ ဟွန်းတီးခြင်း၊ ငြိမ်သက်နေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြ(ခရိုင်၊ပြန်/ဆက်)