သတင်းများ

ကျီခါးမြို့၊ တွီးဖိုင်ချောင်း ရေလျှံမှုဖြစ်ပွားခဲ့ရာ ချောင်းပတ်ဝန်းကျင်ရှိ လယ်ယာမြေများ ရေလွှမ်းမိုးမှုဖြစ်ပွား
Jul 21,2022
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့တွင် ဇူလိုင်လိုင်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျီခါးမြို့ရှိ တွီးဖိုင်ချောင်း ရေလျှံမှုဖြစ်ပွားကာ ချောင်းပတ်ဝန်းကျင်ရှိ လယ်ယာမြေများ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား/သူများ ဉာဏ်ရည်ဉာဏ် သွေးထက်မြက်လာစေရန် ပုံဆက်ဆွဲပြိုင်ပွဲ ပြုလုပ်
Jul 21,2022
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများအား သွက်လက်ထက်မြက်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကလေးများဖြစ်ပေါ်စေရန်ရည်ရွယ် ၍ ပုံဆက်ဆွဲပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကျင်းပခဲ့သည်။
အစိုးရနည်းပညာကောလိပ် (မိုးညှင်း)၌ ဘာသာရပ်ပေါင်းစုံ မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 21,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အစိုးရနည်းပညာကောလိပ် (မိုးညှင်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ် ပေါင်းစုံ မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၉ ရက်နေ့ နံနက် (၁၀)နာရီခွဲက ကျောင်းပင်မဆောင်ရှေ့၌ ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 21,2022
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၂၂ခုနှစ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်တွင် ကျင်းပသည်။
မိုးကောင်းမြို့၌ (၇၅)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဥဩဆွဲဂုဏ်ပြု
Jul 21,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင်(၁၉) ရက်နေ့ နံနက်(၁၀)နာရီ(၃၇)မိနစ်တွင် ဥဩဆွဲဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် တောင်သူများအား နည်းပညာပေးသင်တန်းနှင့် မျိုးစေ့နှင့်ဓတ်မြေသြဇာများ ထောက်ပံ့ပေးအပ်
Jul 21,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီ၌ စီးပွားဖြစ် မျိုးစေ့မျိုးသန့်ထုတ်ထုပ်ခြင်း (RS to CS) ဧက ၇၀ အတွက်မျိုးစေ့ထုတ် (SGA) တောင်သူများအား စိုက်ပျိုးချိန်အမီနည်းပညာ ပေးသင်တန်းနှင့် မျိုးစေ့၊ ဓတ်မြေသြဇာများ ထောက်ပံပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ဦးစီးမှူးရုံး သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ရေဖြူမြို့နယ်၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ‌အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး
Jul 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး ၊အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ရေဖြူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာပေစကားဝိုင်း၊ ပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 21,2022
(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာပေစကားဝိုင်း၊ ပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်နှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဇူလိူင် ၁၉ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။