သတင်းများ

မိုင်းယန်းမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံများ Database  ရိုက်သွင်းနေမှု ကြည့်ရှု
Jul 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် စတင်ဆောင်ရွက်လျက်ရှိသည့် မိုင်းယန်းမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေ စာရင်းပုံစံများ Database ရိုက်သွင်းခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့တွင် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့၌ ကျောင်းကောင်စီအသင်းဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
Jul 19,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီအသင်းဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ(၁၉)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည်။
ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်း စစ်ဆေး
Jul 19,2022
ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်သို့ လွယ်ကူ လျန်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လောက်ကျန်ကျေးရွာ ကုန်ထုတ်လမ်း(၁/၄)မိုင် ​ဖောက်လုပ်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးသည်။
မိုင်းကိုင်မြို့နယ်၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ယနေ့  ဇူလိုင်လ ၁၉ ရက်နေ့ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့၊ နေ့လည် ၁၁ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ဝါဆိုသင်္ကန်းနှင့်  ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ  အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း အွန်လိုင်းအသိပညာပေး Talk Show ဆွေးနွေးပွဲ စကားဝိုင်း ကျင်းပ
Jul 19,2022
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အာဇာနည်နေ့အကြောင်း အွန်လိုင်းအသိပညာပေး Talk Show ဆွေးနွေးပွဲစကားဝိုင်းကို ယနေ့ နံနက်ပိုင်းက အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ
Jul 19,2022
အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာတစ်ဦးဖြစ်သူအောင်သိဒ္ဓိဖြင့် ပူးပေါင်း၍ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအ‌ကြောင်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲပိုင်း(၁) နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
Jul 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၅)နှစ်​မြောက် အာဇာနည်​နေ့ အထိမ်းအမှတ် အသိပညာ​ပေး (Talk Show) ကျင်းပ
Jul 19,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌​ ယနေ့ နံနက် ၉ နာရီအချိန်က (၇၅)နှစ်​မြောက် အာဇာနည်​နေ့ အထိမ်းအမှတ် အသိပညာ​ပေး (Talk Show)ကို ကျင်းပခဲ့သည်။