ဘိုကလေး ဇူလိုင် ၂၀
ယနေ့ကျရောက်သော (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် Talk Show အသိပညာပေး အစီအစဉ်အား ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ကျင်းပဆောင်ရွက်သည်။
အဆိုပါ Talk Show အစီအစဉ်အား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်မင်းဝင်းမှ Talk Show ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပညာရေးဝန်ထမ်း အငြိမ်းစား ဆရာကြီး ဦးအုန်းကြိုင်မှ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လေးစားအတုယူဖွယ် ဂုဏ်၊ ဒြပ်များ၊ လွတ်လပ်ရေး၏ မီးရှူးတန်ဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်နှင့် လူမျိုးအပေါ်ထားရှိသည့် စေတနာများ၊ အနာဂတ်မျိုးဆက်သစ်တို့အပေါ် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတူယူဖွယ် စိတ်ဓာတ်နည်းနာများအား စေတနာစကားပါး၍ ပြောကြားဆွေးနွေးခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show အား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဘိုကလေးမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ဆောင်ရွက်ထားရှိပြီး အဆိုပါ ဘိုကလေးမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ကျောင်းသားလူငယ်များနှင့် အများပြည်သူများအတွက် ဗဟုသုတရဖွယ်ရာ ပုံပြင်၊ ကဗျာ၊ စာအုပ်၊ စာပေကောင်းများအား စဉ်ဆက်မပြတ် လွှင့်တင်၍ အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)