ရွှေဘိုခရိုင်ရုံး(Community Centre)ခန်းမတွင် အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲဆောင်ရွက်

ရွှေဘို ဇူလိုင် ၂၀

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုမြို့တွင် အာဇာနည်​နေ့အ​ကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁ဝနာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ Talk Show တွင်​​ ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​​ ဒေါ်အေးမြမွန်က​ ဆွေး​နွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို​ပြောကြားခဲ့ပြီး ရွှေဘိုမြို့နယ် စာ​ရေးဆရာအသင်း နာယကဆရာ ဘာမထီခင်​အောင်နှင့်ဆရာ​ရွှေစောသက်တို့က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လေးစားအတုယူဖွယ်အကြောင်းအရာများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်း အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ​​ဆောင်ရွက်ချက်များကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင် စဉ်ဆက်မပြတ် စီစဉ်တင်ဆက်​ပေးလျက်ရှိကြောင်း သိရသည်။                                

ခရိုင်ပြန်/ဆက်