ပြင်ဦးလွင်မြို့နယ် ပွေးတောင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၁၆

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပွေးတောင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျင်းပသည်။

ရှေးဦးစွာ  ပွေးတောင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ လက်ထောက်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေသင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက  ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်သူဇာ၀င်းက ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ပြီးနောက် ကျောင်းသား/ ကျောင်းသူငါးဦးမှ သိလိုသည်များ မေးမြန်းခဲ့ရာ တာ၀န်ရှိသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်ပြီး စိတ်ပါ၀င်စားစွာ မေးမြန်းခဲ့သော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်ဦးစီးမှူးက တိုင်းရင်း‌‌ဆေးဝါးများအား‌ ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသ‌ပေးသည်။ းဟောပြောပွဲသို့  ကျောင်းသား/ ကျောင်းသူ စုစုပေါင်း၂၇၅ ဦး တက်ရောက်ကြောင်း သိရသည်။

သွေးသွေး (ခရိုင်ပြန်/ဆက်)