ခန္တီး ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များ စာအုပ်စာပေဖတ်ရှုလေ့လာရမည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးသည့် ကျောင်းသား/သူလေးများ ဖြစ်ပေါ်လာစေရန်နှင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲကို အ.မ.က (၆) ကျောင်း၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျွမ်းကျင် (၃) (ရုပ်သံ) ဒေါ်တင်မာဦးက စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍လည်းကောင်း၊ သုတ/ရသ စာပေများနှင့်ပတ်သက်၍လည်းကောင်း၊ ရွေးချယ်ဖတ်ရှုသင့်သည့် စာအုပ်များနှင့် ပတ်သက်၍လည်းကောင်း ကျောင်းသား/သူ များ အသိပညာဗဟုသုတရရှိစေရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူ လေးများက ခင်းကျင်းပြသထားသည့် စာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)