ငါးသိုင်းချောင်းမြို့၌ (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ငါးသိုင်းချောင်း    ဇူလိုင်   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း (ရှမ်းတန်း) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးသောင်းစိန်က အာဇာနည်နေ့ဖြစ် ပေါ်လာပုံသမိုင်းကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငြိမ်းစားကျောင်းအုပ် ဆရာကြီး ဦးကျော်ညွန့်ကအာဇာနည်စိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငြိမ်းစားမြို့နယ် ပညာရေးမှူး ဆရာကြီးဦးမောင်မောင်တိုးက အနာဂတ်နိုင်ငံတော်နှင့်ပညာရေး ခေါင်းစဉ်ဖြင့် အသီးသီးဆွေး နွေးပြောကြားကာ အခြေခံပညာမူလတန်းကျောင်း(ရှမ်းတန်း) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူများအား  အသိပညာဗဟုသုတရရှိစေရန် ယခုလိုလာရောက်ဟောပြောပေးသည့် တာဝန်ရှိသူများအား ကျေးဇူတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့ လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်းသိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)