ဖောင်းပြင် ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိုးလွင်ထွန်း၏ လမ်းညွှန်မှုဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် - ၃ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန စခန်းမှူး ဦးစောမျိုးထိုက်နှင့် ဒုတိယဦးစီးမှူး ဦးမျိုးမြင့်ကျော်တို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ရေဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်၊ လေပြင်းအန္တရာယ်နှင့် ငလျင်ဘေးအရေးပေါ်အခြေအနေတွင် ယူဆောင်သွားရမည့် Emergency Go BAC အကြောင်းကို အသိပညာပေးဟောပြောခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါသဘာဝဘေးအန္တရာယ် အသိပညာပေးခြင်း ဆောင်ရွက်နေသည့် အခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဇော်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)