မိတ္ထီလာ ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲမစတင်မီ ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲကျင်းပရသည့်ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခြေခံပညာမူလတန်းအဆင့် ကျောင်းသူ၊ ကျောင်းသား ၄၂ ဦးက ကြိုက်နှစ်သက်ရာ ဗိုလ်ချုပ်မိန့်ခွန်းများဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ ယခင်ရက်များက ကျင်းပခဲ့သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများထံသို့ ဂုဏ်ပြုဆုများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာကြည်သိန်းဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ