ပုသိမ်ကြီးမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  ပြပွဲပြိုင်ပွဲများကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ပံသုကျီခန်းမ၌ ယနေ့ နံနက် ၁၀နာရီက (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောနှင့်နံရံကပ်စာစောင်၊ စာအုပ်စာ‌စောင်ပြပွဲများ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းက ကျောင်းသား ကျောင်းသူများအား အာဇာနည်စိတ်ဓာတ်၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး၊ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တာဝန်ခံဆရာမကြီးနှင့် အမှတ်(၇၄) အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ တက်ရောက်၍ အသိပညာပေးနံရံကပ်စာစောင်များအား  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ရွှေရန်ကင်း