ကော့မှူးတွင် မြို့နယ်အဆင့် ဆယ်အိမ်စုမှူးဆင့်ပွားသင်တန်းဖွင့်လှစ်
Jul 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိခင်နှင့်ကလေးများ ဘဝရှင်သန်ဖွံ့ဖြိုးရေးနှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများဖွံ့ဖြိုး တိုးတက်လာရေးအတွက် တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အမျိုးသမီးများဆယ်အိမ်စုမှူးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။