ဝမ်းတွင်း ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဝမ်းတွင်း (၁) အထက-ခွဲ ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သန္တာလင်း (ဦးစီးအရာရှိ)က ကလေးအလုပ် သမားဆိုင်ရာအကြောင်းအရာများ၊ ကလေးလုပ်သားဆိုသည့်အဓိပ္ပာယ်၊ ကလေးလုပ်သားနှင့် အသက်အရွယ်၊ ကလေးလုပ်သားဖြစ်ရခြင်း၏အကြောင်းအရင်း စသည့်အသိပညာတိုးပွားစေသော အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)