ညောင်တုန်းမြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်တုန်း ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် (၁၂) ရက် မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီဥက္ကဋ္ဌ ဦးမျိုး‌ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ကျန်းမာကြံ့ခိုင်လာစေရန်ရည်ရွယ်၍ စီမံချက်များရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ ချမှတ်ထားသော မူဝါဒများနှင့်အညီ အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပလျက်ရှိပါကြောင်း၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရယူ၍ စည်းကမ်းရှိရှိ စနစ်တကျယှဉ်ပြိုင်ကြရန်စေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား  ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက် (၂၂) နှစ် အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြရာ မြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီဥက္ကဋ္ဌ ဦးမျိုး‌ကျော်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘောလုံးဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့‌ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)