သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (Community Centre)ခန်းမ၌  မြို့နယ် စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ မြို့နယ် စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယနေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက် ခဲ့‌ကြောင်း သိရသည်။
လသာမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ​ဆွေး​နွေးပွဲ Talk Show ပြုလုပ်
Jul 03,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်​အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ယနေ့တွင်ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show ​ဆွေး​နွေးပွဲ အစီအစဉ်ကို ယနေ့မွန်းလွဲ ၃ နာရီက လသာမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့သည်။
လသာမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ Talk Show ပြုလုပ်
Jul 02,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ဇူလိုင် (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show ​ဆွေး​နွေးပွဲ အစီအစဉ်ကို ယနေ့ ​မွန်လွဲ ၂ နာရီခွဲအချိန်က လသာမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့သည်။
ရှမ်းပြည်နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (၁/၂၀၂၂)အစည်းအဝေး ကျင်းပ
Jul 02,2022
ရှမ်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (၁/၂၀၂၂) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့  ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း သင်တန်းဖွင့်လှစ်
Jul 02,2022
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဝန်ထမ်း ၁၂ ဦးအား ယနေ့ နံနက် ၁၀ နာရီက မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် သတင်းအမှား/အမှန်ခွဲခြားသိမြင်ပြီး ရာဇဝတ်မှုများတွင် ပါဝင်ပတ်သတ်မှုမရှိစေရေး ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 02,2022
ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် သတင်းအမှား/အမှန် ခွဲခြားသိမြင်ပြီး ရာဇဝတ်မှုများတွင် ပါဝင်ပတ်သတ်မှုမရှိစေရေးအတွက် ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ သဘာဝမြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 02,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာအုပ်စု တောင်သူ ဦးထွန်းသာစိန်၏ လယ်၌ ယမန်နေ့ နံနက်ပိုင်းက သဘာဝမြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့၊ ‌‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံ ကြည့်ရှုစစ်ဆေး
Jul 02,2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ခန္တီးမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှု၊ ကျောင်းအတွင်းရှိ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။