ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း သင်တန်းဖွင့်လှစ်

ဗဟန်း ဇူလိုင် ၂   

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဝန်ထမ်း ၁၂ ဦးအား  ယနေ့ နံနက် ၁၀ နာရီက မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးမှူးက ယခုဖွင့်လှစ်သည့် သင်တန်းသည် ဝန်ထမ်းများ မိုဘိုင်းဖုန်းဖြင့် လုပ်ငန်းများကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်စေရန်၊ ရုပ်သံသတင်းများကို ရိုက်ကူး တည်းဖြတ်တတ်စေရန်နှင့် ယခင်ထက် အရည်အသွေးပိုမိုကောင်းမွန်အောင် ပြုလုပ်တတ်စေရန်၊ ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်သည့် အသိပညာပေးကဏ္ဍများ ပြုလုပ်ရာ၌ ဆန်းသစ်တီထွင်မှုများ ပိုမိုဆောင်ရွက်နိုင်ပြီး အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြများက ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်းကို ဆက်လက်ပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းကို ဇူလိုင်လ(၂)ရက်နေ့နှင့် ဇူလိုင် (၃)ရက်နေ့များတွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ သင်တန်းသူ/သား (၁၂)ဦးတို့အား ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း၊ Intro Maker ပြုလုပ်နည်းနှင့် အရုပ်အသံပိုင်းဆိုင်ရာ စနစ်တကျ တည်းဖြတ်နည်းများကို စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 စန္ဒာမိုး