ပေါက်တော ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာအုပ်စု တောင်သူ ဦးထွန်းသာစိန်၏ လယ်၌ ယမန်နေ့ နံနက်ပိုင်းက သဘာဝမြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက သဘာဝမြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် တောင်သူများက သိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ပြန်လည် ဖြေကြား ပေးခဲ့ကြသည်။
ထို့ပြင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း EM အသုံးပြုသဘာဝမြေဩဇာ ပြုလုပ် ပြသခြင်းများ ဆောင်ရွက် ပြသလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ပေါက်တောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးနှင့် ဝန်ထမ်းများ၊ ဒေသခံ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။
ဝင်းမင်းစိုး (ပြန်/ဆက်)