ငဖဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စုမှ နွား(၃၂၂ )ကောင်အား ရောဂါကာကွယ်ဆေးများထိုးနှံ
Jul 03,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံ တောင်သူများမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သောရောဂါများမှ ကြိုတင် ကာကွယ်နိုင်ရန် အတွက်ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးများကို ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ပိုင်းကစတင်၍ သာယာကုန်းကျေးရွာအုပ်စုသို့သွားရောက်၍ နွား(၃၂၂) ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။