လှည်းကူး ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် သတင်းအမှား/အမှန် ခွဲခြားသိမြင်ပြီး ရာဇဝတ်မှုများတွင် ပါဝင်ပတ်သတ်မှုမရှိစေရေးအတွက် ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး သတင်းအမှား/အမှန် ခွဲခြားနိုင်ရေးအတွက် သတင်းများ ဖြစ်ပေါ်လာနိုင်သည့် သဘောတရား၊ သတင်းအရင်းအမြစ်များ၊ အချက်အလက်များ သုံးသပ်ခြင်း စသည့်အကြောင်းအရာများကို ဟောပြောသည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်သင်းလဲ့ရီက ဥပဒေဆိုင်ရာ အချက်အလက်များအကြောင်းကိုလည်းကောင်း၊ လှည်းကူးမြို့နယ် နယ်မြေရဲစခန်းမှ နယ်ထိန်းသန်းဌေးက သက်ငယ်မှုဒိန်းမှု၊ ကာကွယ်ခုခံမှုဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)